Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Translator-Injin and Zun Sapal Htoo
Editor-Fox Team
ဒီ Webtoon လေးကတော့ အချိန်ကာလအားဖြင့် ၂၀ ရာစုကို အခြေခံထားတာဖြစ်တယ်…
ဆယ်ရယ်နာ ဆိုတဲ့ အိမ်ကြီးသခင် မမလေးက ငယ်ငယ်လေး ကတည်းက ပိုးမွှေးသလို
ရွှေပေါ်မြတင်ပြီး အပူအပင်မရှိကြီးပြင်းလာတယ် သူမရဲ့ အဘွားဖြစ်သူက ဟိုတယ်ကို
တည်ထောင်ထားပြီး သူတို့အင်ပါယာမှာတော့ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းပေါ့….
အမေ ဖြစ်သူဟာလဲ ငယ်ငယ်လေးကတည်းက စနစ်တကျ လေ့ကျင့်သင်ကြားရပြီး
အဖွားဖြစ်သူအနားယူတဲ့အခါမှာ ဟိုတယ်ကို ဦးစီးရတယ်…သူ့အမေက ငယ်ငယ်လေး
ကတည်းက သူလုပ်ခွင့်မရတဲ့ အရာတွေကို သူ့သမီးလေး ဆယ်ရယ်နာ အလှည့်ကြ
လုပ်ခွင့်ရအောင်..လုပ်ခွင့်ပေးပြီး အပူအပင်မရှိထားတယ်…ဒါပေမယ့် ဆယ်ရယ်နာ
(၁၈)နှစ်အရွယ်မှာ မတော်တဆဖြစ်ပြီ မိဘ ၂နှစ်ပါးလုံး ဆုံးပါးသွားခဲ့တယ်…
အပူအပင်မရှိကြီးပြင်းလာတဲ့ ဆယ်ရယ်နာနဲ့ အသက်ကြီးပြီးကျန်းမာရေးချူချာနေတဲ့
အဘွားဖြစ်သူကဟိုတယ်ကို မဦးစီးနိုင်တော့ဘူး…ပြိုင်ဘက်တွေကို မရင်ဆိုင်နိုင်တော့ပဲ
ဟိုတယ် ကို ဆုံးရှုံးရတော့မယ့် အချိန်မှာ ဂရေရီယန် မိသားစုက လူတစ်ယောက်က
အဘွားဖြစ်သူနဲ့ သဘောတူပြီး စာချုပ် ချုပ်ခဲ့ပြီး ဆယ်ရယ်နာကို လက်ထပ်ပြီး
ဟိုတယ်ကို ဦးစီးခဲ့တယ်….ကယ်တယ်ရှင် ဖြစ်ခဲ့ပေမယ့် ဆယ်ရယ်နာ အတွက်တော့
အကုန်လုယူခံရသလို ခံစားခဲ့ရတယ်…စိတ်ဓာတ်တွေကျခဲ့တယ်
လက်ထပ်ထားပြီး ပျော်ရွှင်မှု မရှိခဲ့ဘူး…
စာချုပ်နဲ့ လက်ထပ်ထားတဲ့ ဆက်ဆံရေးတစ်ခု…
သွေးအေးပြီးသူစိမ်းဆန်တဲ့ ခင်ပွန်းဖြစ်သူ…
မာနကြီးပြီး ငယ်သေးတဲ့ ဆယ်ရယ်နာ….
ဆယ်ရယ်နာ ဘေးမှာအမြဲရှိတဲ့ အငယ်အနှောင်း ယောက်ျားတစ်ယောက်….
ဇာတ်လမ်း အစပျိုးကတော့ တော်တော်လေး Dark ဖြစ်တယ်လို့
မင်မင်မြင်တယ် ဖတ်ကြည့်ပြီး စိတ်တောင်မောသွားတယ်
ခင်ပွန်းဖြစ်သူနဲ့မာနချင်းပြိုင်ရာက ချစ်သွားကြမလား
ခင်ပွန်းဖြစ်သူကြောင့် ဆယ်ရာနာ တစ်ယောက်ရင့်ကျက်လာပြီး
ဟိုတယ်ကို ဦးစီးနိုင်မှာလား….ဆိုတာ မင်မင်တို့နဲ့အတူတူဆက်ဖတ်ကြရအောင်