Rating
Rank
Alternative
Author(s)
Artist(s)
Genre(s)
Type
Tag(s)
Translator and Editor_Hazel
School Type ကိုမှ ro ro ချိုချို အီအီလေး ဖတ်ချင်တဲ့ သူများအတွက်
အရမ်းအကြိုက်တွေ့စေမယ့် အပုဒ်လေးပါရှင့်
ဇာတ်လမ်းအကျဉ်းလေးကို ဆက်ပြောပြမယ်နော်…..
ယွန်းဂျူယောင်းဆိုတဲ့ ကောင်မလေးက အရက်စွဲနေတဲ့
အမေဖြစ်သူကြောင့် အိမ်တွင်းအကြမ်းဖက်ခံရတဲ့အပြင်
ဆင်းဆင်းရဲရဲနဲ့ နေရတဲ့ အထက်တန်းကျောင်းသူ
တစ်ယောက်ပါ…ဘဝပေးအခြေအနေက မကောင်းပေမယ့်
သူမ ကျွမ်းကျွမ်းကျင်ကျင် လုပ်တက်တာဆိုတော့
စာလုပ်တာပဲ ရှိတဲ့အတွက် သူတို့ မြို့ငယ်လေးမှာ
ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်အောင် စာကြိုးစားပါတယ်။
အိမ်ပြန်ရင် အမေနဲ့ တွေ့ရင် အရိုက်ခံရတာမလို့ စာလုပ်ဖို့
နေရာ ရှာရင်း တောင်ထိပ်က လူမနေတော့တဲ့ စွန့်ပစ်
အိမ်လေးကို ရှာတွေ့သွားပါတယ်….
မမျှော်လင့်ထားတာက သူတို့ကျောင်းက စာလဲ လိုက်မလုပ်တဲ့
အဆိုးအပေ ကျောင်းသားလေး ဂွမ်ဗြောဂျင်းကလဲ
အဲဒီ စွန့်ပစ်အိမ်လေးရဲ့ ထပ်ခိုးလေးမှာ နေ နေတာပါ
အဲဒီလိုနဲ့ စာလုပ်ဖို့ လာတဲ့ အတော်ဆုံးကျောင်းသူရယ်
အိပ်ဖို့ လာတဲ့ အဆိုးအပေ ကျောင်းသားလေး ရယ်
တောင်ပေါ်က အိမ်လေးထဲမှာ ခင်သွားကြမလား
တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ရင်း
အချစ်တွေ ပဲ ပေါက်ဖွားလာမလားဆိုတာ
မင်မင်နဲ့ အတူတူ ဖတ်လိုက်ရအောင်
ဒီအပုဒ်က မင်းသားကလဲ Selfish Love Theory ထဲက
ဟျောင်းဒိုလို အညိုစင် အဆင်လေးအဟိ
အခု ထိ ၅ပိုင်း ဖတ်ပြီးရသလောက် မင်းသားက
Green flag လေး စာလုပ်နေတဲ့ ကောင်မလေးကို
ခေါက်ဆွဲပြုတ်ပေးရတာနဲ့
အပြန်မှောင်ရင် အိမ်ကို တုတ်လေးကို
လက်က ကိုင်ခိုင်းပြီး လိုက်ပို့ရတာနဲ့
တုတ်ကို မင်းသမီး ကိုင်တဲ့ ဘက်ကိုက
လက် ညှောင့်မဆူးအောင် လက်ကိုင်စရာလေးက
လုပ်ပေးထားသေးတာ….
ကဲကဲ….ကိုယ်တိုင် ဖတ်ပြီးပဲ စောင်ကိုက်ကြနော်…