Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Translator-Laurel
Ediitor-Fox Team
Chapter-109(Complete)
Male Lead ကတော့ Companyပိုင်ရှင် CEO ဖြစ်ပြီး တော့
Female Lead ကတော့ တက်သစ်စ ရုပ်ရှင်သရုပ်ဆောင်ပါ…
တရုတ် tiktok ဇာတ်လမ်းတို တွေ ကြည့်ရင်တော့
ဒါလေးကို ကြိုက်မှာ သေချာပါတယ်…ချိုချို ရိုရိုလေးပါ
မအေးအေးဝင်း အကွက်နဲ့….အဟီး…
ကျန်းမန့်ဆိုတဲ့ ကောင်မလေးက အောင်မြင်တဲ့ အနုပညာရှင်
ဖြစ်အောင်ကြိုးစားနေတဲ့ ကောင်မလေး တစ်ယောက်ပါ
Company တစ်ခုနဲ့ စာချုပ် ချုပ်ထားပေမယ့် Companyဘက်က
သူမကို ဘာထောက်ပံ့ပေးမှုမှ မရှိပါဘူး တစ်နေ့မှ အကျင့်မကောင်းတဲ့
သူမရဲ့ လက်ထောက်က သူမကို ဆေးခတ်ပြီး အကျင့်ပုတ်တဲ့
နှာဘူးသူဌေး ကြီး ခြေတော်တင်ဖို့ရာအတွက် အကွက်ဆင်ခဲ့ပါတယ်…
အဲဒီလို အချိန်မှာ CEO လုနဲ့ တွေ့ပြီး လူယုတ်မာလက်က
လွတ်ခဲ့ပါတယ်…ဒါပေမယ့် ဆေးစွမ်းပြပြီး CEO လုနဲ့
အဟွင်းဟွင်း ဖြစ်ခဲ့ပါတယ်….တကယ်တော့ CEO လုဆိုတာ
တစ်ခြားသူ မဟုတ်ဘဲ ကျန်းမန့် အထက်တန်းတက်တုန်းက
အတန်းထဲက အချောဆုံးကောင်လေး ဖြစ်နေတာပါ…
ကျန်းမန့်ကိုလဲ တိတ်တခိုးသဘောကျနေပါသေးတယ်
အဲလိုနဲ့ CEO လု က လက်ထပ်စာချုပ်ကြီးပါ ယူလာပြီး
အထက်တန်းတုန်းက Crush ကျန်းမန့်ကို အပိုင်သိမ်းလိုက်ပါတော့တယ်
CEO ဆိုတော့ CEOတို့ အထာအတိုင်း မင်းသမီးကို နောက်ကွယ်ကနေ
တိတ်တိတ်လေး ကူညီပေးတယ်….နာမည်ကြီးဆိုင်တွေမှာ စာရင်းသွင်းပြီး
သူ့ မိန်းမလေး မျက်နှာမငယ်ရအောင် လုပ်ပေးတယ်…အနုပညာ အသိုင်း
အဝိုင်း ထုံစံအတိုင်း မဟုတ်တဲ့ သတင်းတွေ hor search တက်ရင်
ကူညီပြီး ဖြေရှင်းပေးတယ်…မင်းသမီးကို ရင်းနှီးမြှုပ်နှံပြီးထောက်ပံ့ပေးတယ်
လုံးဝ supportive partner ပါရှင့်…
ကျန်းမန့်ကတော့ စစချင်း သူ့ကို ကြိုက်နေတယ်ဆိုတာလဲ မသိပါဘူး
ကျန်းမန့်အောင်မြင်တာကို ဆွဲချမယ်သူတွေ
မင်းသားကို တစ်ဖတ်သက် သဘောကျပြီး ကျန်းမန့်ကို အကျင့်ပုတ်မယ့်
ဇာတ်ကောင်တွေ…ပန်းနုသွေးမတွေရော ကြာပန်းဖြူမတွေ ရော
ပါ ပါတယ်…
သူတို့ရဲ့ အထက်တန်းကျောင်းတုန်းက ဘယ်လိုဇာတ်လမ်းလေးတွေ
ရှိခဲ့တာလဲ…အချင်းချင်း ချစ်သွားပြီးတော့ အောင်မြင်တဲ့
သရုပ်ဆောင် တစ်ယောက်ဖြစ်အောင် ကျန်းမန့်က ဘယ်လိုကြိုးစားသွားမလဲဆိုတာ
ဒါဒါလေးတွေ ကိုယ်တိုင် ဆက်ဖတ်ကြည့်ကြနော်…