Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Surviving Romance
Translator -Pie and…..Eaindray
Romance ဖတ်ရတာ အီနေတဲ့ ငယ်လေးတို့အတွက်
ဇွန်ဘီတွေ လက်က လွတ်အောင် လုပ်ရမယ့်
Survival Type Webtoon လေး တစ်ပုဒ်ကို Review ရေးပေးမယ်နော်
Complete ဖြစ်ပြီးသားမလို့ အစအဆုံး တစ်ခါတည်း ဖတ်ရုံပါပဲ
K drama ထဲကလိုဆိုရင် All of Us Are Dead မျိုး Vibe
ကို ရစေမှာပါ…
ဟန်ချယ်ရင်း ဆိုတဲ့ ကောင်မလေးက တကယ်တော့
ပြင်ပ လောက ကနေပြီးတော့ အချစ်ဝတ္ထုထဲကို
ရောက်လာတာပါ…စာအုပ်ကိုလဲ ခဏခဏ ဖတ်နေကြမလို့
ဇာတ်ကြောင်းကို အလွတ်ရနေပြီးသားပါ…
အဓိက ဇာတ်လိုက် ဂျယ်ဟာနဲ့ Happy ending ဖြစ်ရမှာပါ
ဒါပေမယ့် အချစ်ဇာတ်လမ်းက ဘယ်ကမှန်း မသိတဲ့
ဇွန်ဘီတွေ ပေါ်လာပြီး ဂျယ်ဟာကို ကယ်ဖို့
လုပ်တိုင်းမှာ ခဏခဏ သော်ကေ နေတဲ့အခါ…..
ချယ်ရင်းက ဂျယ်ဟာကလွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့
အတွက် ဂျယ်ဟာက လွဲရင် တစ်ခြားဇာတ်ကောင်တွေကို
မမြင်ရဘဲ မည်းမည်းကြီးပဲ ဖြစ်နေတာပါ…
အဲလိုနဲ့ သူငယ်ချင်း မိတ်ဆွေတွေ ဖွဲ့ပြီး ဇွန်ဘီတွေကို
ပြန်တိုက်မှာပါ…အဲဒီအခါမှ ဇာတ်ကောင်တွေရဲ့
ရုပ်လုံးကို တစ်ဖြေးဖြေး မြင်လာရမှာပါ…
ကျောင်းသားတွေ စုပြီး ဇွန်ဘီတွေကို တိုက်တဲ့
အခန်းတွေကို စိတ်လှုပ်ရှားမှု အပြည့်နဲ့
ဖတ်ရမှာဖြစ်ပါတယ်…မင်မင်
သဘောကျတဲ့ အခန်းတစ်ခန်းမှာဆို
ဗီဇပြောင်း ဇွန်ဘီက လူတွေကို အတုခိုးပြီး
ပြန်တိုက်တာ..အဲမှာ ဓာတုဗေတ ဖော်မြူလာတွေကို
အသုံးချ ပြီး အပြတ်ရှင်းတဲ့ အခန်းဆို
အရမ်း အားရနေရောပဲ….