Rating
Rank
Alternative
Author(s)
Artist(s)
Genre(s)
Type
Tag(s)
Translator-인진
Editor-Fox Team
ဟီရန်ပြည်ရဲ့တတိယမြောက် မင်းသား ရှင်းရွန်း ကမိဖုးရားကိုမြူစွယ်ခဲ့ပြီး..
ကလေးတစ်ယောက် ရခဲ့ပါတယ်။ မွေးလာတဲ့ ကလေးက တော်ဝင် သွေးပါလို့ သတ်မပစ်ချင်တဲ့
ဘုရင်က အနိမ့်ဆုံးကျွန်ကိုပေးပြီး မွေးစားစေခဲ့ပါတယ်။ အဲဒီကလေးက သဘာဝလွန်အစွမ်းတွေနဲ့
မွေးဖွားလာတဲ့ ကလေးပါ။ ငယ််ငယ်ကတည်းက တစ္ဆေတွေကိုမြင်နိုင်ပြီး သွေးကလဲ အစွမ်းထက်ပါတယ်။
သူမရဲ့ အသားကိုစားရင် လူသားဖြစ်နိုင်တာမလို့ သူမကိုစားပစ်ပြီး လူသားဖြစ်ဖို့ဟာ တစ္ဆေတွေရဲ့
အိမ်မက်ဖြစ်လာခဲ့ပါတယ်။အဲကလေးရဲ့ နာမည်ကတော့ ဆိုရူ…. ဟီရန်ပြည်ရဲ့ စစ်သူကြီး ဂျာဟွန်းက
စစ်နိုင်ရင် မင်းသမီးနဲ့လက်ဆက်ပေးမယ် ဆိုတဲ့ ဘုရင့်ရဲ့စကားကို ယုံပြီး စစ်မြေပြင်မှာ ခွေးလို
နွားားလိုတိုက်ခိုက်ခဲ့ပြီး ပြန်လာတော့ ဘယ်သူကမှမလိုချင်တဲ့ တစ္ဆေမင်းသမီးကို ဘုရင့်အမိန့်ကြောင့်လက်ဆတ်လိုက်ရပါတယ်။
သူက ဘုရင့်ကိုလက်စားပြန်ချေဖို့ သနားစရာဆိုရူလေးကို အသုံးချပါတော့တယ်။ ဆိုရူလေးကတော့
ကျေးဇူးရှင်အဖြစ်သတ်မှတ်ထားပြီး သူ့အတွက်ဘာမဆို လုပ်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ နောက်ထပ်
မင်းသား တစ်လက်ကတော့ တစ္ဆေ ယာထိုပါ။ သူကလဲ မင်းသမီးအစား အနစ်နာခံပြီး ယူချင်စိတ်ဖြစ်မိသည်အထိ
အရမ်းချောပါတယ် ဒါပေမယ့် သူ့ရဲ့ပါရမီဖြည့်ဖက် ဖြစ်ဖို့ဆိုရင် နှလုံး အခု ၁၀၀ ရှိရင်တောင် လောက်မှာ မဟုတ်ပါဘူး
ဘာလို့လဲဆိုတော့ တစ္ဆေဖြစ်တဲ့ အိုပါးကဗိုက်ဆာရင် နှလုံးကို အစိမ်းလိုက်ဝါးစားလို့ပါ စစ်သူကြီးက
သူရဲ့လက်စားချေချင် စိတ်ကြောင့်ဆိုရူ အသုံးချပြီးမှ ဘယ်လိုမျိုးချစ်မိသွားမှာလဲ…
တစ္ဆေယာထိုရဲ့ချစ်တက်ပုံကလဲတစ်မျိုး…မလို့ မင်းသမီးနေရာဝင်ခံစားရင်း ရင်ကွဲနာကြပြီး ဘယ်သူနဲ့ ရမလဲ သိချင်စိတ်နဲ့ ဖတ်လိုက်ကြပါစို့
Twilight Poem is covering in Drama, Josei, Historical and Naver Webtoon.