Rating
Rank
Alternative
Author(s)
Artist(s)
Genre(s)
Type
Tag(s)
Translator and Editor-Eaindray(Rabbit Team)
Comedy/Romance အပုဒ်လေးကို မိတ်ဆက်ပေးမယ်နော် အဓိက ဇာတ်ကောင်များ
ဘုရင်အဖြစ် ဖုန်းရှောက် နတ်သမီးအဖြစ် ယွင်မင်။
ကိန္နရီ နတ်သမီး ယွင်မင်က မျိုးပွါးတာနဲ့ ကိုယ်ဝန်ဆောင်ဖို့အတွက်
တာဝန်ရှိတဲ့ နတ်သမီးလေးဖြစ်ပါတယ် ။ နတ်ပြည်က သူ့ကို
တာဝန်တစ်ခု ပေးလာတဲ့အခါ လူပြည်ကို ဆင်းလာရပါတော့တယ် ။
သူ့ရဲ့ တာဝန်က တချိန်မှာ ဖြစ်လာမယ့် လူ့လောကရဲ့ အုပ်ချုပ်သူ က
ဘုရင် ဖုန်းရှောက်ရဲ့ သားအဖြစ် မွေးဖွားလာမှာမို့ ကူညီပေးရမှာပါ။
ဖုန်းရှောက်ကတော့ ဘုရင်ကောင်း တစ်ယောက်ဖြစ်ပြီး မောင်းမမိဿံတွေ
အများကြီး ရှိပေမဲ့ ကလေးတစ်ယောက်မှ မရှိသလို၊ မိဖုရားတွေကိုလည်
း သူ့အဆောင်ထဲ အဝင်မခံပါဘူး။ အဲလိုနဲ့ ရေခဲတုန်း ဘုရင်ကြီး ဖုန်းရှောက်က
ဘာလို့ မိန်းမတွေကို စိတ်မဝင်စားတာလဲ ဆိုတာ အဖြေရှာရင်း မိဖုရားတွေ နဲ့
အောင်သွယ်ပေးဖို့ လုပ်တာပေါ့ကွယ် နောက်ဆုံးမှာကြ ထင်ထားသလို
မဖြစ်ပဲ ဂက်ယက်တွေ ထပြီး အောင်သွယ်တော်
နတ်သမီးလေးနဲ့ပဲ ပြန်ပြီး ချစ်ကြိုးသွယ်မယ့် ပုံစံ လေးပါ
ဖုန်းရှောက် ကလေးမရှိတဲ့ အကြောင်းအရင်းက ဘာလဲ….
ပြသာနာတွေ ဘယ်လိုဖြေရှင်းကြမလဲ…
တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား…
နတ်သမီးလေးနဲ့လူသား မင်းကြီးတို့ ဘယ်လို ချစ်ကျွမ်းဝင်သွားကြမလဲ….
စတာတွေကိုတော့ ဒီ manhua လေးထဲမှာ စောင့်ကြည့်ကြရအောင်ပါ။
Art ကတော့ manhua တွေ လာနေကျ ပုံစံအတိုင်းပါပဲ။ ရယ်စရာဟာသလေးတွေနဲ့
ပေါ့ပေါ့ပါးပါး အချိုအအီလေး၊ မင်းသားက မင်းသမီးကို
အရမ်းအလိုလိုက်တာလေးတွေ ဖတ်ချင်ရင်တော့ ဒီ manhua လေးကို ဖတ်ဖို့ အကြံပေးချင်ပါတယ်။
Miss Fairy The Empeor Tamer is covering in martial arts, fantasy, manhua, historical, Ancient China and AC.QQ, iQiyi, Bilibili.