Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Translator-Dive
Editor-Fox Team
ဒီ Webtoon ရဲ့ အဓိကဇာတ်ဆောင်မင်းသားကတော့
ဂန်းစတားပါ အရမ်းကိုမှ မိုက်ပြီး ခန့်ပါတယ်နော်
ဂျွန်ယွန်းဂယို ဆိုတာကတော့ ဝူဆောင်းမိသားစုရဲ့ အကြီးဆုံး
ဂိုဏ်းတွေထဲက တစ်ခုရဲ့ ဒါရိုက်တာပါ ဩဇာအာဏာရော အရှိန်အဝါရော
ကြီးမားလှပါတယ်။
ချွဲဂျူမီဆိုတဲ့ ကောင်မလေးကတော့ ဂန်းစတားအဖေကြောင့်
သူ့အဖေ ရန်ဘက်တွေက လိုက်ပြီး နှောက်ယှက်တာမျိုး
ခံရဘူးပါတယ်။ ချွဲဂျူမီမှာ တွဲနေတဲ့ ကောင်လေး ရှိပေမယ့်
သူမရဲ့ မိသားစုနောက်ခံကြောင့်
သူမကို မရွေးချယ်ပဲ တစ်ခြားသူကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။
အဲတာနဲ့ ပက်သက်ပြီး စိတ်ထဲမှာတော့ ဝမ်းနည်းနေပြီး
သာမာန်ရိုးကျ ချစ်ခြင်းမျိုး မျှော်လင့်နေသူပါ။
တစ်နေ့မှာ သူ့အဖေက ဂျွန်ယွန်းဂယိုနဲ့
တွေ့ပေးပြီး အိမ်ထောင်ဖက်အဖြစ် မိတ်ဆက်ပေးပါတယ်
အမေ ဖြစ်သူကတော့ ယောက်ျားကရော ဂန်းစတားဆိုတော့
သားမက်ဖြစ်သူလဲ ဂန်းစတားဖြစ်တာမျိုး မလိုချင်တဲ့အတွက်
ယောက်ျားဖြစ်သူ မသိအောင် သမီးကို ဆေးရုံအုပ်သားနဲ့
အိမ်ထောင်ဘက်တွေ့ပေးပါတယ်။ အဲဒီအချိန်မှာမှ
သူမ အဖေနဲ့ရော ဂျွန်ယွန်းဂယိုရော သူ့အဖေရောနဲ့ ပက်ပင်းတိုးပါတယ်
သူ့အဖေအဆူခံရမယ့် ဘေးကလွတ်အောင် ဂျွန်ယွန်းဂယိုကို ကာဗာယူပြီး
အိမ်ပြန်လိုက်ပို့ခိုင်းပါတယ်။ဖြစ်ချင်တော့ သူမနောက်လိုက်နေတဲ့
Stalker ရှိနေပြီးတော့ တစ်ယောက်ထဲကြောက်တာကြောင့်
ဂျွန်ယွန်းဂယိုကို အဖော်ခေါ်ထားရာမှ…..
အခန်းထဲမှာ အတူရှိနေတဲ့ အချိန် အယ်လ်ကိုဟောကြောင့်
ရီရီဝေဝေဖြစ်နေတဲ့ သူတို့နှစ်ယောက်ဟာ ပူနွေးတဲ့ ည တစ်ည
အစ ပြုကြပါတော့တယ်။
ဂန်းစတားဘီးကျဲနဲ့ ကောင်မလေး ချောချောလေး တို့
မိုက်လဲ မိုက် မှောင်လဲ မှောင်တဲ့ အပုဒ်လေးကို
စာဖတ်သူတို့အတွက် ရွေးချယ်ထားပါတယ်ရှင့်…..