Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Translator-Shun Lae Lwin
Editor-Fox Team
အင်ပါယာရဲ့ သူရဲကောင်းလို့ အများကသိကြတဲ့ ရေတပ်ဗိုလ်ကြီး
ဘာစတီယန် ခလာဝူဘိခ်…စစ်ပွဲမှာ ကိုယ့်ရဲဘော်တွေ တစ်ယောက်မှ
မဆုံးရှုံးပဲ ရန်သူ့ နယ်မြေထဲကို တစ်ယောက်ထဲ တိုးဝင်ပြီး
ခေါင်းဆောင်ကို အရှင်ဖမ်းပြီး စစ်ပွဲကို အောင်နိုင်ခဲ့တဲ့သူရဲကောင်း…
မိခင် ဖြစ်သူဘက်က ပစ္စည်း ဥစ္စာကြွယ်ဝ ချမ်းသာပေမယ့်
မျိုးရိုးနိမ့်ကျတဲ့ သူတစ်ယောက်ဖြစ်တယ်…ဖခင်ဖြစ်သူက
ပိုက်ဆံကြောင့် လက်ထပ်ခဲ့ပြီး အမေဖြစ်သူကို လုပ်ကြံပြီး
ရရှိတဲ့ စည်းစိမ်တွေနဲ့ မျိုးရိုးမြင့်အိမ်တော်က အမျိုးသမီးတစ်ယောက်နဲ့
နောက်အိမ်ထောင်ပြုပြီး (၆)နှစ်အရွယ်လေးပဲ ရှိသေးတဲ့ သူ့ကိုပါ
နှိပ်စက်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အမေ့ အတွက် လက်စားချေဖို့
တာဝန်ကြီးတစ်ခု ပခုံးပေါ်ထမ်းထားရပြီး
သူ့အတွက် အမြတ်အစွန်းမရှိရင် ဘာမှ မလုပ်တဲ့
သွေးအေးတဲ့လူတစ်ယောက်ဖြစ်တယ်
အဲဒီလိုနဲ့ တစ်နေ့မှာ လောင်းကစားရုံကို အပေါင်းအသင်းတွေ
ခေါ်လို့ သွားရာမှ သမီးဖြစ်သူကိုတောင် ပေါင်ပြီး လောင်းကစား
လုပ်တဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်…
မမျှော်လင့်ထားတာက တစ်ဖက်လူရဲ့ သမီးက အမွေပြတ်စွန့်လွှတ်ခံထားရပေမယ့်
တော်ဝင်သွေးအပြည့် စီးဆင်းနေတဲ့ အပြင် လက်ရှိ မင်းကြီးနဲ့
ဆွေးမျိုးတော်စပ်သူ ဖြစ်နေခဲ့ပါတယ်…
အရမ်းလဲ လှပါတယ်..အင်ပါယာမှာ အချောဆုံးလို့
ပြောရလောက်အောင် အလှမျိုးနဲ့ မာနကြီးပြီး
တော်ဝင်သွေး အပြည့် စီးဆင်းနေတဲ့ မိန်းမလှလေးပါ…
ဆိုးဝါးတဲ့ အခြေအနေနဲ့ တွေ့ဆုံပြီးနောက်မှာ
ဘုရင်ကြီးရဲ့ ချီးမြှောက်မှုကြောင့် လက်ထပ်ဖို့
ဖြစ်လာပါတယ်….
တော်ဝင်သွေး ရှိတာကလွဲရင်
ပိုက်ဆံ မရှိတဲ့ မင်းသမီးနဲ့
နိမ့်ကျတဲ့ အမေက မွေးလာပြီး ကိုယ်ကျိုးအတွက်
ဘာမဆို လုပ်တဲ့ ဘာစတီယန်…
သူတို့နှစ်ဦးကြားမှာ အချစ်တွေ ပေါက်ဖွားလာတဲ့အခါ
ဘာဆက်ဖြစ်မလဲ ဆိုတာ
မင်မင်တို့နဲ့အတူတူ ဖတ်လိုက်ကြရအောင်
ဒီထဲမှာ ပန်းနုသွေးတွေ၊ မေတ္တာပို့ရမယ့် ကာရိုက်တာတွေရော
ပါတာမလို့ ဖတ်ပြီး အတူတူ မေတ္တာပို့လိုက်ရအောင်နော်
မင်မင်က ဖတ်လို့ ကောင်းတယ်လို့ ပြောရင် ယုံလိုက်ပါ…