Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Translator-Aung
Editor-Fox Team
အခုခေတ်က နာမည်ကြီး သရုပ်ဆောင် မင်းသမီးက Time Travel ဖြစ်ပြီး
ရှေးခေတ်ရောက်သွားပြီး မြောက်ပိုင်းနယ်စားမင်းနဲ့ ချစ်သွားကြမယ့်Webtoon လေးကို
Review လေးရေးပေးမယ်နော်…
ဇာတ်လမ်းအကျဉ်းချုပ်လေးကို ပြောပြမယ်နော်…နာမည်ကျော်
သရုပ်ဆောင်မင်းသမီး ဆောလင်အာက ရိုက်ကူးရေး လုပ်နေတဲ့
အချိန်မှာပဲ အမြင့်ကနေ ပြုတ်ကြပြီး မတော်တဆ ဖြစ်သွားခဲ့ပါတယ်
သူမ သတိပြန်ရလာတဲ့ အချိန်မှာ လူသူမရှိတဲ့ နှင်းတောကြီးထဲမှာ
ရောက်နေပါပြီ…အဲလိုနဲ့ အန္တရာယ်ကြုံရမယ့် အချိန်မှာ နှင်းတောထဲ
ရောက်နေတဲ့ မြောက်ပိုင်းနယ်စားမင်း က သူမကို ကိုယ်တင်ခဲ့ပါတယ်။
လက်တလောမှာ သတို့သမီးလောင်း ဟာလုပ်ကြံခံရပြီး
ယုံကြည်ရမယ့် သူမရှိတဲ့ နယ်စားမင်းက တစ်ခြားကမ္ဘာက လာတဲ့
ဆောလင်အာ ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ပြီး…
သူ့ရဲ့ ကောင်မလေး အနေနဲ့ ဟန်ဆောင်ပေးဖို့ သဘောတူညီချက်
လုပ်ခဲ့ပါတယ်…
အဲလိုနဲ့ နှစ်ယောက်သားက အရမ်းချစ်ကြတဲ့ စုံတွဲတွေကို ဟန်ဆောင်
လိမ်ညာရင်း ချစ်သွားကြမယ့် ပုံစံလေးပါရှင့်
Female leadကလဲ သရုပ်ဆောင်မလို့ နယ်စားမင်းကို ပါ
သရုပ်ဆောင်နည်းတွေ သင်ပေးပြီး နယ်စားမင်းနား ကပ်တဲ့
ကောင်မလေးတွေကို မောင်းထုတ်ပေးမှာပါ…
မြို့စားမင်းနား ကပ်တဲ့ pick me girl မ တွေနဲ့ အပြိုင်
ပန်းနုသွေး ပြန်လုပ်ပြမှာပါ..အရမ်းလဲ ရယ်ရပါတယ်