Rating
Rank
Alternative
Author(s)
Artist(s)
Genre(s)
Type
Tag(s)
Translator-Butterfly
Editor -Butterfly and Fox Team
မမျှော်လင့်ပဲ နမ်းမိတဲ့ အနမ်းလေး တစ်ပွင့်နဲ့
အစပြုခဲ့တဲ့ အချစ်ဇာတ်လမ်းလေးပါရှင်….
လျိုရွှန်းရွှန်း ဆိုတဲ့ ကောင်မလေးက စည်းစိမ်ဥစ္စာနဲ့ အာဏာကို မက်မောတဲ့သူ ဖြစ်တဲ့အတွက်
သူမရဲ့ ချစ်သူ ဖြစ်တဲ့ နန်ကျောက်ကို စွန့်ပစ်ကာ
အိမ်ရှေ့စံ မင်းသားနဲ့ လက်ထပ်သွားခဲ့ပါတယ်။
နန်ကျောက်က လက်ထပ်ပွဲထိ လိုက်လာပြီး
ခေါ်ခဲ့ပေမယ့် သူမကတော့ အိမ်ရှေ့စံမင်းသား
ကိုဘဲ ရွေးချယ်ခဲ့ပါတယ်… နန်ကျောက်က
သာမာန် ကိုယ်လုပ်တော်က မွေးလာတဲ့
မင်းသားဖြစ်လို့ နောက်ခံ မရှိတဲ့အတွက်
စွန့်ပစ်ခဲ့တာပါ။
အိမ်ရှေ့စံမင်းသားကလဲ နန်ကျောက်ကို မင်း
သဘောကျတဲ့ အရာတွေ မှန်သမျှ လုယူ
ပစ်မယ် ဆိုပြီး စိန်ခေါ်ပါတယ် အဲလိုနဲ့
နန်ကျောက်က လူအုပ်ကြားထဲက
ကောင်လေး တစ်ယောက်ကို လူမြင်ကွင်းမှာ
နမ်းပြပြီး “သူကလဲ ငါသဘောကျတဲ့သူပဲ
ယူလိုက်ပါ့လား” ဆိုပြီး ပြောပါတယ်။
အနမ်းခံလိုက်ရတဲ့သူကတော့ ယောက်ျားလေးလို
ဝတ်ထားတဲ့ ဒီmanhuaရဲ့Female Lead
ဖြစ်သူ ချင်စန်းလော ဆိုတဲ့ ကောင်မလေးပါပဲ
ချင်စန်းလောက စုကျိုးမြို့ရဲ့ ဒိတ်ဒိတ်ကျဲ
သူဌေးကြီးရဲ့ အချစ်ဆုံး သမီး ဖြစ်သူပါ။
သူမ ကိုယ်တိုင်ကလဲ ညဏ်ကောင်းပြီး
စီးပွားရေးမှာ အရည်အချင်းရှိပါတယ်။
အဲလိုနဲ့မမျှော်လင့်ပဲနမ်းခဲ့ကြတဲ့ ရေစက်က
၁နှစ် အကြာမှာ တစ်ယောက်နဲ့တစ်ယောက်
ပြန်ပြီး ရစ်နှောင် မိသွားကြပါတယ်….
ရုပ်ပြောင် ပုံလေးတွေကလဲ ရယ်ချင်စရာ
ကောင်း ပြီး ပေါ့ပေါ့ပါးပါး နဲ့ ဖတ်ရမှာပါ….
Yoon
I like it