Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Translator-Pucci
Editor-Fox Team
ဘလေ့စ်မိသားစု ဟာ တိုင်းပြည် တာဝန်ကို ထမ်းဆောင်ပြီး အရေးကြီးတဲ့
အိမ်တော်ကြီးတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ် တိုင်းရေးပြည်ရေးက
အမြဲ ရှုပ်ထွေးနေတော့ အိမ်ရှေ့စံမင်းသား ကွယ်လွန်ပြီး တိုင်းပြည် ပုန်ကန် မှုတွေ
ဖြစ်လာတော့ ဘလေ့စ် အိမ်တော် ဟာ အမြစ်ပြတ်သုတ်သင် ရှင်းလင်း ခံခဲ့ရပါ တော့တယ်။
သားအကြီးဆုံး ဖြစ်သူက ညီမငယ် အယ်လီနာ ကို သူ့အသက်နဲ့ ရင်းပြီး ကာကွယ်ပေးခဲ့ပါတယ်
အဲဒီလိုနဲ့ အယ်လီနာ တစ်ယောက်ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်
အယ်လီနာက သူတစ်ယောက်ထဲ အသက်ရှင်ကျန်ခဲ့တဲ့ အတွက် လက်တုံ့ ပြန်ဖို့
စစ်မက်ရေးရာတွေ သင်ကြားပြီး လက်စားချေဖို့ ပြင်ဆင်ခဲ့ပါတယ် နှစ် ၂၀ ကြာပြီးတဲ့နောက်
တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ပြီးတော့ ရန်သူတော်ကြီးနဲ့ ထိပ်တိုက် တွေ့ခဲ့ပေမယ့်
အဆုံးမှာတော့ အယ်လီနာ စစ်ရှုံးပြီး သေသွား ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူမ အိမ်တော် မပျက်စီးခင်
နှစ် ၂၀ အချိန်မှာ ပြန်လည် မွေးဖွားလာခဲ့ပြီး အရာအားလုံး ပြန်ပြင်ဆင်နိုင်ဖို့ အခွင့်အရေး
ရလာပါတော့တယ်။ ပြန်မွေးဖွားလာပြီးတဲ့ နောက်မှာတော့ ဓားသိုင်းကျွမ်းကျင်ပြီး ညဏ်နီညဏ်နက်များတဲ့
မိန်းမပျိုလေး ဖြစ်နေပါပြီ။ သူမ Rebirth ဖြစ်ပြီးတဲ့နောက် ပုန်ကန်မှုမဖြစ်အောင်
ပထမဆုံးအနေနဲ့ အိမ်ရှေ့စံ မင်းသား သေဆုံးမှု တားဆီးမှာ ဖြစ်ပါတယ်… အိမ်ရှေ့စံ မင်းသားက
အတိတ်မှာ အစောဆုံး သေသွားခဲ့ပြီး အယ်လီနာက ကယ်တင်လိုက်တဲ့ အခါမှာ အနာဂတ်က
ဘယ်လို ပြောင်းလဲ သွားနိုင်မလဲ ဒုတိယမြောက် ရှင်သန် လာတဲ့ ဘဝမှာ တရားမျှတမှုရော…သူမကိုယ်တိုင်ရဲ့
နှလုံးသားကိုရော ရှာတွေ့နိုင်မလားဆိုတာ မင်မင်နဲ့ အတူ ဖတ်ကြည့်ကြမယ်နော်
မင်းသမီး ဦးစားပေး ဆိုတော့ မင်းသမီးပုံအလှ တွေကပိုများပါတယ်