Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Mojito
Translator and Editor-Asan
ဒီတစ်ခါ review ပေးမယ့် အပုဒ်လေးကတော့
Strawberry ရဲ့ ရှားရှားပါးပါး girl love လေးပါ
တရုတ်နိုင်ငံရဲ့ နာမည်ကြီး စူပါစတား မော်ဒယ်ရှောင်ကျုံး….
သူမက စည်းကမ်းတင်းကြပ်တဲ့ အသိုင်းအဝိုင်းကနေ
မွေးဖွားလာတာ သူမက ငယ်ငယ် ကတည်းက
ဘတ်စကတ်ဘော ကစားတာ အရမ်းကျွမ်းကျင်ပြီး
အရပ်ရှည်ကြီးနဲ့ ဘတ်စကပ်ဘော ကစားတဲ့အခါ
အရမ်းအထာကျတာမလို့ အထက်တန်းလောက်ကတည်းက
ကောင်မလေးချင်း သဘောကျတာကို ခံရလေ့ရှိသူပါ။
အဲဒီအချိန်ကတည်းက သူမကို ဖွင့်ပြောတဲ့ ကောင်မလေး တစ်ယောက်ဆိုရင်
သူ့အမေသိသွားတဲ့အခါအမေဖြစ်သူက ကျောင်းပြောင်းအောင်ပါ လုပ်ပစ်လိုက်ပါတယ်
အဲကတည်းက သူ့အိမ်ကို ဘာမှ မပြောရဲတော့ပါဘူး
အဲလိုနဲ့ တက္ကသိုလ်မှာ မုရှန် ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး
တွဲခဲ့ကြတယ်..ကျောင်းပြီးတဲ့နောက်မှာ အနုပညာလောကရဲ့
အတောက်ပဆုံး ကြယ်လေး ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို
ဝန်ခံဖို့ရာ အခြေအနေတွေက ပိုဆိုးတော့တာပေါ့…
နာမည်ကြီးမော်ဒယ် ရှောင်ကျုံးနဲ့ ရှေ့နေမလေးမုရှန်တို့
အချစ်ရေးက ဖြောင့်ဖြူးနိုင်ပါ့မလား အထိအခိုက်မခံတဲ့
အနုပညာလောကမှာ ရှောင်ကျုံးတစ်ယောက် ဆက်လက်
ရပ်တည်နိုင်မှာလား….သူတို့ကြားထဲ ဝင်မွှေမယ့် အချစ်ပြိုင်ဘက်တွေ
ပေါ်လာတဲ့ အခါ ဆက်ပြီး သစ္စာတရားက တည်မြဲနိုင်မှာလား….
ရှောင်ကျုံးအိမ်ကရော လက်ခံပါ့မလား
ဆိုတာတွေကို ဒါဒါလေးတို့ ကိုယ်တိုင်ပဲ ဆက်ပြီးဖတ်လိုက်ပါနော်
mojito ဆိုတဲ့ ကော့တေးလေးကို ကိုယ်တိုင်မြည်းစမ်းကြည့်လိုက်ကြပါ…
Mojito is covering in drama, GL, adult couples, romance and drama.
please contact us.