Rating
Rank
Alternative
Author(s)
Artist(s)
Type
Tag(s)
Translator and editor Hazel
လောင်တာတွေ ကြိုက်တဲ့သူတွေ အတွက် big recommend ပါရှင်
မင်မင် အစ ၁၀ ပိုင်း ဖတ်ပြီး review ရေးရင်း လောင်မြိုက်နေသူပါ….
နာဟယ်ဆိုတဲ့ ၃၃ နှစ်အရွယ် သတ်လတ်ပိုင်း အမျိုးသမီးဟာ
ကွာရှင်းထားတဲ့ ယောက်ျားရဲ့ အကြွေးတွေ ဆပ်ဖို့ တစ်ရက်ကို
မနားမနေ အချိန်ပိုင်း အလုပ်တွေ လုပ်ပြီး ပိုက်ဆံရှာသူပါ…
သူမ ကိုယ် သူမ မစားရက် မသောက်ရက် ပဲ ယောက်ျားဖြစ်သူကိုပဲ
ကောင်းတာလေးတွေ ကျွေး..ကောင်းတဲ့အဝတ်လေးတွေ ဆင်ပေးနဲ့
သူမ ကိုယ် သူမ အတွက် ဝမ် ၁၀၀၀ လောက်ကို သုံးဖို့ နှမျောနေသူပါ
ကွာရှင်းထားကြပေမယ့် အတူတူ နေကြပြီး နေ့ရက်တိုင်းကို
ရိုးရှင်းစွာပဲ ဖြတ်သန်းခဲ့ကြပါတယ်…သူ့ယောက်ျားဖြစ်သူက
ကုမ္ပဏီအလုပ် သွားတယ် ဆိုပြီး ကုမ္ပဏီမှာကြ လူပျိုလိုလိုနဲ့
ဖောက်ပြန်နေတာလည်း မသိပါဘူး သူမကိုလဲ သူ့အကြွေးကူဆပ်ပေးရင်
ပြန် လက်ထပ်မယ် လို့ ပြောထားတာပါ….
ကဲ ဘယ်လောက် စိတ်တိုစရာကောင်းလဲ..အသုံးမကျတဲ့
ယောက်ျားရဲ့ အကြွေးတစ်ပုံ တစ်ပင်ကို ကူဆပ်ပေးပြီး
သူမ ကိုယ်တိုင်ကြ ပိုက်ဆံလေးချွေတာသုံးတာ
ဖတ်ရင်း တကယ်လောင်ရတာပါ…..
ဒါပေမယ့် အလောင်ဇာတ်ကွက် တွေကြားထဲမှာ
ဗြောထယ်ဟာ ဆိုတဲ့ အရမ်းမိမိုက်ပြီး
အရမ်းချောတဲ့ မင်းသားကြောင့် စာဖတ်သူတို့
ရွှေရင်အေး စေမှာပါ…
ထယ်ဟာက ဟယ်ဆို ကို ဘယ်ချိန်ကတည်းက
စကြိုက်တယ် ဆိုတာတော့ အစပိုင်းမှာ မြှုပ်ထားပါတယ်
ဟယ်ဆို အချိန်ပိုင်းလုပ်တဲ့ ပန်းဆိုင်မှာ ဟယ်ဆိုသတိထားမိအောင်
ပန်းတွေ ခဏခဏ လာဝယ်ပါတယ် ပြီးတော့ ဟယ်ဆို
အချိန်အပိုင်းအလုပ်မှာ ထိကပါးယိကပါး လုပ်တဲ့
နှာဗူးတွေ အရက် သမားတွေကို ကွယ်ရာက ရက်ရက်စက်စက်
လက်စားပြန်ချေပါတယ် လုံးဝ မိမိုက်နေတာ…သူ့နောက်ကြောင်းကို
ဖုံးထားပြီးတော့ ဟယ်ဆိုရဲ့ရှေ့မှာ ဆင်းရဲ့တဲ့ကျောင်းသား ပုံစံမျိုး
ဟန်ဆောင်တယ်…ဟယ်ဆိုကို တိတ်တိတ်လေးကာကွယ်ပေးတယ်
ဘာလို့များဖြစ်မလဲ….?
မကောင်းတဲ့ ယောက်ျားကို စွန့်လွှတ်ပြီးတော့
စစ်မှန်တဲ့ ချစ်ခြင်း ရှာတွေ့မလားဆိုတာ
အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်….
ဒါလေးက 18+ လေးမလို့ Warning လေးတော့ပေးပါမယ်ရှင်